Our mission is to share and grow
the world’s knowledge.

ကမ္ဘာပေါ်မှာ ရှိနေသော ဗဟုသုတ ရယူနိုင်သော အရင်းအမြစ်များသည် နည်းပညာ အကူအညီဖြင့် အလွန့်အလွန် ကျယ်ပြန့်လာနေပါပြီ။
သို့သော်လည်း မြန်မာဘာသာစကားသုံးအင်တာနက် ဝက်ဘ်ဆိုဒ်များတွင် facebook သည်သာ လူသုံးအများဆုံး ဖြစ်နေသေးပါသည်။
facebook သည်အစုံသုတ်ဆန်ဆန် အတော်များများသော သိချင်သည်များကို ရှာဖွေနိုင်သော်လည်း အမေးအဖြေသီးသန့် အသိုင်းအဝိုင်းတစ်ခုလောက် ရှိထားလျှင် ကျွန်တော်တို့သိလိုသည်များကို ပိုမို မြန်ဆန်စွာ မေးလို့ရမည် ဟု မျှော်လင့်မိပါသည်။
ကြီးမားကျယ်ပြန့်လှသော ဗဟုသုတများသည် လူများစွာအတွက် တန်ဖိုးရှိသော်လည်း လက်ရှိကာလတွင် လူအနည်းငယ်သာသိရှိထားသည် သို့မဟုတ် လူတို့၏ဦးနှောက်ထဲတွင်သာ ပိတ်မိနေသည် သို့မဟုတ် သီးသန့်လူအုပ်စုများသာ သိရှိနိုင်ခွင့်ရှိကြသည်။
အတွေးအမြင်မတူသော လူများ အချင်းချင်း ပိုမိုနားလည်လာစေရန်နှင့် ကမ္ဘာကြီးတွင်ရှိသော ဗဟုသုတအားလုံးကို လူတိုင်းထံသို့
အကျိုးရှိစွာ မျှဝေနိုင်ခွင့်ရှိစေဖို့ ထိုလူများကို အတူတကွစုစည်းပေးရန် ဗဟုသုတများအား သိရှိထားသူများနှင့် သိရှိရန် လိုအပ်နေသူများကို ကျွန်တော်တို့က ချိတ်ဆက်ပေးလိုပါသည်။
ဤကွက်လပ် တစ်ခုကို ဖြည့်နိုင်ပါက မြန်မာ အင်တာနက်အသုံးပြုသူများအတွက် အင်မတန် အကျိုးသက်ရောက်မှုရှိမည်ဟု မျှော်လင့်မိပါသည်။
ထို့ကြောင့် လူတိုင်းအသုံးပြုရအဆင်ပြေနိုင်မည့် http://www.mmqanda.com နှင့် MM Q And A application အား ဖန်တီးတည်ဆောက်ထားပါသည်။
အကြံပြုချက်များ နှင့် ပြုပြင်စရာများ ရှိပါက အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။